ရွှေကူမြို့နယ်တွင် (၂၈) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူ

ရွှေကူ ဩဂုတ် ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ အမှတ် (၂)ရပ်ကွက် သာသနာ့ပါလဆွမ်းလောင်းအသင်းမှ ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ရွှေမြင်းတတင် ဘုရားဝန်းရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ လောင်းလှူ‌ပူဇော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို အမှတ်(၂)ရပ်ကွက် သာသနာ့ပါလ ဆွမ်းလောင်း အသင်းမှ ကြီးမှူး၍ စေတီကုန်း၊ ရှမ်းစု၊ အောက်ကျင်း၊ မော်လမြိုင်၊ ရွာသစ်၊ ရန်ကြီး အောင်၊ ဇေယျသုခစသည့် ရပ်ကွက်ဂေါပကများက (ရွှေမြင်းတတင်ဘုရားဂေါပက) ဝါတွင်းကာလ နေ့စဉ်အလှူခံရရှိငွေများ၊ လှူဖွယ် ပစ္စည်းများကို ရွှေကူမြို့နယ်အတွင်းရှိ ‌ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်းမှ ပင့်သံဃာများအား လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းများကိုမတည်၍ တပည့်ဒါယိကာ၊ ဒါယိကာမတို့က နိဗ္ဗာန်ဆော်၍ နှစ်စဉ်လောင်းလှူပူဇော်ခဲ့ကြရာ ယနေ့တွင် ၂၈ ကြိမ်‌မြောက်ရှိပြီ ဖြစ်ပြီး သံဃာတော်အရှင်သူ မြတ်များ၊ သီလရှင် ဆရာလေးများ စုစုပေါင်း  (၃၄၃) ပါးတို့အား  သဒ္ဒါကြည်ဖြူသူ အလှူရှင်အပေါင်းတို့က ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တုများအား စည်ကား သိုက်မြိုက်စွာ လောင်းလှူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)