ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ လားရှိုးမြို့ရှိ မဟာမြတ်မုနိ ဘုရားအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေု့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူတို့သည် ယနေ့နံနက်(၉)နာရီခွဲက လားရှိုးမြို့ မဟာမြတ်မုနိစေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ရွှေသင်္ကန်းတို့ကို ဆက်ကပ်ပေးကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး မဟာမြတ်မုနိဘုရားအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားထားသည့် ကတိစကားလေးတစ်ခွန်းစာအုပ်နှင့် ယနေ့နံနက် (၁၀) နာရီက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်ရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စိုက်ပျိုးမည့်တောင်သူများအား စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် သဘာဝဓာတ်မြေဩဇာ ပြုလုပ်ပုံအဆင့်ဆင့်ရှင်းလင်းခြင်း အခမ်းအနားတက်ရောက်

မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စိုက်ပျိုးမည့် တောင်သူများအား စီမံကိန်းရန်ပုံငွေ ပေးအပ်ပွဲနှင့် သဘာဝဓာတ်မြေဩဇာ ပြုလုပ်ပုံအဆင့်ဆင့်ပို့ချရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ပန်းတနော်မြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ စီစဉ်မှုဖြင့် တောင်သူများ လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်စွာမောင်းနှင် အသုံးပြုတတ်စေရန် ရည်ရွယ်၍ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်း (၁/ ၂၀၂၂)ကို သြဂုတ်လ ၂၂ ရက်မှ စက်တင်ဘာ ၂ ရက်နေ့ အထိ ထိန်ကလားကုန်းကျေးရွာ ချမ်းမြေ့ရတနာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

မုဒုံမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ Data Base ရေးသွင်းခြင်းလုပ်ငန်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများကျင်းပရာတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်‌စေရေးအတွက် မြို့နယ်အတွင်းရှိအိမ်ထောင် စုလူဦးရေစာရင်း (ပုံစံ - ၆၆/၆) အချက်အလက်များကို  e-ID  စနစ်ဖြင့်  Software Program နည်းပညာ အသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီဆောင်ရွက်ပြီးစီးရေးအတွက် မြို့နယ်လဝကဦးစီးမှူးရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဘိုကလေးမြို့နယ်တွင် ဌာနဆိုင်ရာရုံးများအရောက် နယ်လှည့်စာငှားလုပ်ငန်းဆောင်ရွက်ပေး

စာပေအသိပညာ တိုးတက်ပြန့်ပွားစေရေးအတွက် အချိန်မအားလပ်၍ စာကြည့်တိုက်သို့ လာရောက်ကာ စာအုပ်စာပေများ ငှားရမ်းမဖတ်ရှုနိုင်ခြင်း မဖြစ်စေချင်သော ရည်ရွယ်ချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ ခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်ဌာနဆိုင်ရာများ အရောက်သွား၍ နယ်လှည့်စာငှားလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

စလင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်_၁၉ရောဂါ ကာကွယ်ဆေး Booster ဆက်လက်ထိုးနှံပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ကြိုတင်ထိန်းချုပ်နိုင်ရေးအတွက် အသက် ၁၈ နှစ်နှင့် အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့် Booster ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က စလင်းမြို့ ဆင်ကျုံးကျေးရွာအုပ်စု ရှမ်းရွာကုန်းကျေးရွာရှိ ပြည်သူများကို ကျန်းမာရေးဌာနမှ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး Talk Show ပြုလုပ်

ကလေးအလုပ်သမားများ ပပျောက်ရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းနိုင်စေရေးနှင့် အလုပ်လုပ်သော ကလေးများအနေ ဖြင့် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်း ပညာသင်ယူရေးတိုက်တွန်းပေးနိုင်စေရေးအတွက် ကလေးအလုပ်သမားများနှင့်ပတ်သက် သည့် ရပိုင်ခွင့်အခွင့်အရေးများ ဥပဒေပြဋ္ဌာန်းချက်များအား မိဘပြည်သူများအနေဖြင့်  ကျယ်ကျယ်ပြန့်ပြန့်သိရှိလာနိုင်စေရေးအတွက် ပြန်ကြား‌ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ Talk Show ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to