တံတားဦး ဩဂုတ် ၂၅
တံတားဦးခရိုင် တံတားဦးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိစက်သုံးဆီဆိုင်များအား ယနေ့နံနက် (၈) နာရီက မြေပြင်ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်သူအောင်နှင့် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့အတွက် စက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားရေး၊ စက်သုံးဆီ သိုလောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ မတော်တဆ မီးလောင်မှုဖြစ်ပွားပါ မီးငြှိမ်းသတ်ဆေးဘူးများထားရှိပြီး အသုံးပြုတတ်စေရေး၊ စက်သုံးဆီများတွင် ပြည်သူများအတွက် မီးဘေးလုံခြုံရေး ပညာပေးဆိုင်းဘုတ်များ ထားရှိရေးတို့ကို အထူးဂရုပြုလိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း လုပ်ငန်းရှင်များနှင့် စက်သုံးဆီအရောင်းဆိုင် တာဝန်ခံများအား ဆွေးနွေးပြောကြားကြောင်း သိရသည်။
ရဲတင့်