တောင်ကြီး သြဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နိုင်ငံပိုင်ရင်းနှီးမြုပ်နှံမှု လျာထားချက်များ ရေးဆွဲရန်အတွက် တောင်ကြီးမြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီ က ခရိုင်/မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တောင်ကြီးမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် က အဖွင့်အမှာစကားပြောကြားပြီး တောင်ကြီးမြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး ဒေါ်သီသီချိုက တောင်ကြီးမြို့နယ်အတွင်းရှိ စီမံကိန်းရေးဆွဲရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ က မိမိတို့၏လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် တောင်ကြီးမြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့် တာဝန်ရှိသူတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်နှင့် လိုအပ်ချက်များကို ဖြည့်စွက်ဆောင်ရွက်၍ ဌာနအလိုက်ဆောင်ရွက်ချက်များကို လက်တွေ့အကောင်အထည်ဖော်သည့် လုပ်ငန်းများတွင် အခက်အခဲရှိပါက သက်ဆိုင်ရာဌာနအလိုက်တင်ပြ၍ ညှိနှိုင်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။
တောင်ကြိးမြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တောင်ကြီးမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဆက်စပ်ဌာနများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)