မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပေးဆော်ဩ

မြင်းမူ ဩဂုတ်လ ၂၅

ကိုဗစ်-၁၉ရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲကူးစက်ရောဂါဖြစ်သည့် မျောက်ကျောက်ရောဂါများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ပြည်သူများ လိုက်နာပြုမူနေထိုင်ရေး အသိပညာပေး လိုက်လံဆော်ဩပေးခြင်းလုပ်ငန်းများ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်သည့် စည်းကမ်းချက်များတွင် သတ်မှတ်ထားသော အသက်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို   အကြိမ်ရေပြည့်အောင် ထိုးနှံရေး တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးမှသာ နေထိုင်ပြောဆိုရန်၊ အပြင်သို့ မဖြစ်မနေမှသာထွက်ရန်နှင့် အပြင်သို့ထွက်တိုင်း နှာခေါင်းစည်း (mask) မဖြစ်မနေတပ်သွားရန်၊  လက်ကို စနစ်တကျဆေးကြောရန်နှင့် မိမိပတ်ဝန်းကျင်နှင့် မိမိ မိသားစုတွင် ကျန်းမာရေးနှင့်ပါတ်သက်သော ထူးခြားသည့်လက္ခဏာ တွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားရန်နှင့် လိုအပ်သောဆေးကုသမှုကိုခံယူရန် နာတာရှည်ရောဂါရှိသူများ၊ ကျန်းမာရေးချို့တဲ့နေသည့် အသက်ကြီးဘိုး/ ဘွားများသည် ရောဂါပိုမိုကူးစက်နိုင်သဖြင့် ရောဂါပိုးရှိသူနှင့် နီးကပ်စွာနေထိုင်ပြောဆိုခြင်းမပြုရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ အခါအားလျှော်စွာထုတ်ပြန်လျက်ရှိသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန် စသည့်အချက်များ ပါဝင်ပြီး ပြည်သူများကျယ်ပြန့်စွာ သိရှိရေးအတွက် အပတ်စဉ် လူစည်ကားရာနေရာများသို့ သွားရောက်ဆော်ဩလျက်ရှိကြောင်း သိရသည်။

အောင်စိုးဖေ(မြင်းမူ)