ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများစွာရရှိနိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကွမ်းခြံကုန်းမြို့ အ.ထ.က(၂)ကျောင်း ခန်းမတွင်ကျင်းပခဲ့သည်။

မိတ္ထီလာ၌ စားအုန်းဆီတစ်ပိဿာ ၄၁ဝဝ ကျပ်မှ ၅၅ဝဝ ကျပ် နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေး

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် မိတ္ထီလာမြို့ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီတစ်ပိဿာ ၄၁ဝဝ ကျပ်မှ ၅၅ဝဝ ကျပ်နှုန်းဖြင့် မြို့နယ်အတွင်း နေရာ ၅ ခုတွင် ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပဲနွယ်ကုန်းမြို့ အခြေခံပညာအထက်တန်း (ပဲနွယ်ကုန်း)ကျောင်း ပညာတံခွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဆင်းရဲနွမ်းပါးပြည်သူများအား ဆန်ရိက္ခာများအခမဲ့ ဖြန့်ဝေပေးနိုင်ရေးအတွက် စာရင်းကောက်ယူခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ ထောက်ပံ့မည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS)မှ ဦးဆောင်၍ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ စေတနာ့လုပ်အားရှင်များမှ အမှတ်(၉၃) ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါး လက်လုပ်လက်စားပြည်သူများထံသို့ တစ်အိမ်တက်ဆင်းသွားရောက်၍ ယမန်နေ့ နံနက် (၉) နာရီမှ ညနေ (၆)နာရီအထိ စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုင်းဒေသကြီးဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်အတွင်း ဆောင်ရွတ်လျက်ရှိသော ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာအား ခေတ်မီစံပြကျေးရွာ (Smart Village) အဖြစ် အကောင်အထည်ဖော် ဆောင်ရွတ်နေမှုလုပ်ငန်းများအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် ဥပုသ်နေ့များ၌ ဆွမ်းလောင်းလှူပွဲများနှင့် တရားပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်နေ့များတွင် သတင်းသီလဆောက်တည်ခြင်း၊ ဆွမ်း၊ဆွမ်းဟင်းလောင်းလှူပွဲများနှင့် တရားပွဲများ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက သမိုင်းဝင်ရွှေမုဋ္ဌောဘုရားကြီး၊ ဆွမ်းလောင်းဓမ္မာရုံ၌ ဆွမ်း၊ ဆွမ်းဟင်း၊ ဘောဇဉ်များ လောင်းလှူခဲ့ကြပြီး ညနေပိုင်းတွင် သီလပေးတရားပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ ပန်းတောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား၊ (၁၄)ခရိုင်၊ အသက်(၁၆)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ပဒေသာ အားကစားကွင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား၊ (၁၄)ခရိုင်၊ အသက်(၁၆)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအဖြစ် အုပ်စု(က)မှ လှည်းကူးခရိုင်နှင့် ဗိုလ်တစ်ထောင်ခရိုင်အသင်းတို့ ယမန်နေ့မွန်းလွဲ(၃:၀၀)အချိန်က ပွဲဦးထွက်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးကင်းစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအားကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to