ပန်းတနော် သြဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ စီစဉ်မှုဖြင့် တောင်သူများ လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်စွာမောင်းနှင် အသုံးပြုတတ်စေရန် ရည်ရွယ်၍ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်း (၁/ ၂၀၂၂)ကို သြဂုတ်လ ၂၂ ရက်မှ စက်တင်ဘာ ၂ ရက်နေ့ အထိ ထိန်ကလားကုန်းကျေးရွာ ချမ်းမြေ့ရတနာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ ဖွင့်လှစ်သင်ကြားပေးရာတွင် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ထွန်စက်ကြီး လက်တွန်းထွန်စက်တို့၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် အဓိက အစိတ်အပိုင်းများ၊ မောင်းနှင်နည်းနှင့် ထိန်းသိမ်းကြံ့ခိုင်နည်း၊ ထွန်ယက် ကရိယာများ၏ အခြေခံသိမှတ်စရာများနှင့် ထွန်ယက်နည်း၊ ရိတ်သိမ်းခြွေလှေ့စက်၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် အခြေခံသိမှတ်စရာများ၊ ကောက်စိုက်စက်၏ အခြေခံသိမှတ်စရာများစသည့် အကြောင်းအရာများကို ပန်းတနော်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ကျွမ်းကျင်နည်းပြများဖြင့် သင်တန်းသား (၃၀)ဦးတို့အား စာတွေ့ လက်တွေ့သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲနေပြီဖြစ်ရာ တောင်သူများလယ်ယာ လုပ်ငန်းခွင်များတွင် စက်ကိရိယာများအသုံးပြုခြင်းဖြင့် အချိန်ကုန်၊ ငွေကုန်သက်သာစေရန် ရည်ရွယ်၍ ယခုလို သင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်းဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)