ဘိုကလေး ဩဂုတ် ၂၅
စာပေအသိပညာ တိုးတက်ပြန့်ပွားစေရေးအတွက် အချိန်မအားလပ်၍ စာကြည့်တိုက်သို့ လာရောက်ကာ စာအုပ်စာပေများ ငှားရမ်းမဖတ်ရှုနိုင်ခြင်း မဖြစ်စေချင်သော ရည်ရွယ်ချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ ခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်ဌာနဆိုင်ရာများ အရောက်သွား၍ နယ်လှည့်စာငှားလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
နယ်လှည့်စာငှားပေးရာတွင် မြို့နယ်လူမှုဖူလုံရေး အဖွဲ့ရုံးသို့ အရောက်သွားကာ ဒဿနိကဗေဒဆိုင်ရာ စာအုပ်များ၊ ဘာသာအယူဝါဒ စာအုပ်များ၊ ဘာသာစကားဆိုင်ရာစာအုပ်များ၊ လူမှုရေးသိပ္ပံနှင့် အသုံးချသိပ္ပံ ဆိုင်ရာ စာအုပ်များ၊ အနုပညာရပ်ဆိုင်ရာ စာအုပ်များအပြင် မဂ္ဂဇင်း၊ ဝတ္ထုနှင့် ရုပ်ပြစာအုပ်များအား ခင်းကျင်း ငှားရမ်းပေးခဲ့ကြောင်းနှင့် ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်အနေဖြင့် အပတ်စဉ်တိုင်း ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများ အရောက်သွား၍ အဆိုပါ နယ်လှည့်စာငှားခြင်း လုပ်ငန်းအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး