စလင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်_၁၉ရောဂါ ကာကွယ်ဆေး Booster ဆက်လက်ထိုးနှံပေး

စလင်း သြဂုတ် ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ကြိုတင်ထိန်းချုပ်နိုင်ရေးအတွက် အသက် ၁၈ နှစ်နှင့် အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့် Booster ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က စလင်းမြို့ ဆင်ကျုံးကျေးရွာအုပ်စု ရှမ်းရွာကုန်းကျေးရွာရှိ ပြည်သူများကို ကျန်းမာရေးဌာနမှ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စလင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး စလင်းမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးခြင်းကို သက်ဆိုင်ရာဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်_၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံလျက်ရှိပြီး ယမန်နေ့နံနက်ပိုင်း  ၉ နာရီမှ နေ့လည် ၃ နာရီအချိန်အထိ အသက် ၁၈နှစ်အထက် ပြည်သူများအား ကာကွယ်ဆေးများကို အကြိမ်ပြည့် Booster ကိုဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆေးများထိုးနှံရာသို့ စလင်းမြို့နယ် ကိုဗစ်_၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၅၀၀) ဦး ရှိခဲ့ပြီး ယခင် (၁၄၀၅၇)ဦး၊ စုစုပေါင်း(၁၄၅၅၇)ဦးထိ ဦးထိုးနှံပြီးစီးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှသိရသည်။

မောင်လွင် (ပြန်/ဆက်)