နတ်တလင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး ရက်သတ္တပတ်ဆောင်ရွက်

နတ်တလင်း  ဩဂုတ်  ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး ရက်သတ္တပတ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေးရက်သတ္တပတ် အစီအစဉ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ငုံဖူးဝေမြင့်မှ ရက်သတ္တပတ်အစီအစဉ် ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ မြို့နယ်သူနာပြုအဆင့် ၁ ဒေါ်ခင်မြင့်ကြည်မှ အိုင်အိုဒင်းဆားကို စားသုံးခြင်းဖြင့် လည်ပင်ကြီးရောဂါ ကာကွယ်ပေးခြင်း၊ ကလေးများဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ခြင်း အကျိုးကျေးဇူးများ ရရှိစေကြောင်း ပြောကြားခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းဆားထုပ်များ၊ ကြက်ဥများ ပေးအပ်ခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

ဝေယံဖြိုး