တောင်ကြီးမြို့၌ ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေနေထိုင်ခြင်း အသိပညာပေး Talk Show ပြုလုပ်

တောင်ကြီး ဩဂုတ် ၂၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီး၊ ဘက်စုံသုံးခန်းမတွင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေနေထိုင်ခြင်းအသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။

အသိပညာပေး Talk Show တွင် တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိန်မောင်ဌေးတို့က ပတ်ဝန်းကျင်၏ အဓိပ္ပာယ်၊ မိုးလေဝသနှင့် ရာသီဥတု၊ ရာသီဥတုပြောင်းလဲရခြင်း၏ အဓိကအကြောင်းအရင်းများ၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများ၊ ရာသီဥတုပြောင်းလဲခြင်းကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ စသည်တို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေနေထိုင်ခြင်းအသိပညာပေး Talk Show ဆွေးနွေးမှုများကို ပြည်သူများ အလွယ်တကူကြည့်ရှုလေ့လာနိုင်စေရန်အတွက် တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ We Love Taunggyi နှင့် Community Centre Taunggyi Facebook Page တို့တွင် ပြည့်ပြည့်စုံစုံတင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း