ပထမအကြိမ် ဖရဲအလုံးကြီးပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပမည်

မန္တလေး  ဩဂုတ် ၂၆

ဖရဲသီးဈေးကွက် ပိုမိုကြီးထွားဖွံ့ဖြိုးလာစေရန်အတွက်ရည်ရွယ်၍ ပထမအကြိမ် ဖရဲသီးအလုံးကြီးပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည်။

ဖရဲအလုံးကြီးမျိုးပြိုင်ပွဲတွင် ဖရဲသီးအလုံးကြီးထွားမှု၊ အချိုဓါတ်ပါဝင်မှု၊ အရောင်အသွေးလှပမှုများကို ဖရဲပညာရှင်(၆)ဦးက အကဲခတ်အမှတ်ပေးသွားမည်ဖြစ်ပြီး ပထမဆုရရှိသူတစ်ဦးကို ဆုငွေကျပ်ငါးသိန်း၊ ဒုတိယဆုရရှိသူနှစ်ဦးကို ဆုငွေကျပ်သုံးသိန်းစီ၊ တတိယဆုရရှိသူ သုံးဦးကို ဆုငွေကျပ်နှစ်သိန်းစီ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅ လမ်း၊ ၃၄/၃၅ လမ်းကြားရှိ ပရိယတ္တိသာသနဟိတအသင်းကြီး၌ ဩဂုတ်လ ၂၉ ရက်နေ့နံနက် ၉ နာရီတွင် ပြုလုပ်မည်ဖြစ်ရာ မည်သူမဆိုလွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)