ထားဝယ် သြဂုတ် ၂၆
တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှကြီးကြပ်၍ ကွန်ပျူတာကျွမ်းကျင်မှုမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးသမဝါယမဦးစီးမှူး ဦးကျော်စိုးမင်းက ရုံးဝန်ထမ်းများအား ကွန်ပျူတာဆိုင်ရာ အခြေခံနှင့် ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုလုပ်ငန်းဆောင်ရွက်နိုင်ရန်၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများအား စနစ်တကျကိုင်တွယ် ထိန်းသိမ်းအသုံးပြုတတ်စေရန်နှင့် သတင်းအချက်အလက်လုံခြုံမှု ထိန်းသိမ်းတတ်စေရန်၊ ရုံးလုပ်ငန်းများနှင့် သမဝါယမဖွံဖြိုးရေးလုပ်ငန်းများအတွက် Power Point Presentation နှင့် Excel ဇယားပုံစံများအားကျွမ်းကျင်စွာဖြင့် အချိန်မီ အသုံးချဆောင်ရွက်တတ်စေရန် စသည့်ရည်ရွည်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှပို့ချပေးလိုက်သော ဘာသာရပ်များကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားစေလိုကြောင်း ပြောကြားသည်။
သင်တန်းတွင် ထားဝယ်ခရိုင်အတွင်းရှိ သမဝါယမဝန်ထမ်းသင်တန်းသား/သူ(၁၂)ဦးအားရက်သတ္တပတ် (၂)ပတ်ကြာ လေ့ကျင့်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)