မိုင်းရယ်၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲပြုလုပ်

မိုင်းရယ်  ဩဂုတ် ၂၆

ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက မိုင်းရယ်မြို့ အခြေခံပညာမူလတန်းလွန်ကျောင်း (တပ်တွင်း)တွင် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မာလာက လူကုန်ကူးမှုအန္တရာယ်များနှင့် လူကုန်ကူးမှု ဖြစ်ပွားနိုင်သည့် အခြေခံ အချက်များကို ဟောပြောပါသည်။ အဆိုပါ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး ဟောပြောပွဲသို့ မူလွန်(တပ်တွင်း)မှ ဆရာ/မများနှင့် ကျောင်းသား/သူ(၄၀)ဦးခန့်တက်ရောက် ကြပါသည်။

ယင်းနောက် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်စာစောင်များအား ငှားရမ်းပေးရာ ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ ဖတ်ရှုငှားရမ်းခဲ့ကြောင်း သိရသည်။

မိုင်းရယ်ပြန်/ဆက်