ကာလိ ဩဂုတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာ Community Centre ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူ အသင်းအဖွဲ့တို့က ယနေ့နံနက် (၁၀)နာရီအချိန်ခန့်တွင် စာရေးဆရာ အောင်သင်းရေးသားထားသည့် လက်ဆင့်ကမ်းခဲ့သော လုပ်အားတန်ဖိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားကာ အဆိုပါစာအုပ်တွင်ပါဝင်သည့် ကလေးတွေကိုလူရာသွင်းဖို့ ခေါင်းစဉ်ဖြင့် စတင် ဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသည့် Book Club , Women Club အသင်းအဖွဲ့များတို့က လူငယ်တွေဘာကြောင့်ပျက်စီးသလဲ နှင့် လူငယ်တွေကိုရွှေချပါ ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြေစိုက်နံရံကပ်စာစောင်ပြဘုတ်တွင် ဆောင်ရွက်ပြသထားသည့် မိုးရာသီကာလတွင်ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ် အသိပညာပေးအကြောင်းအရာများ၊ မျောက်ကျောက် (Monkey pox)ရောဂါ ဆိုင်ရာအသိပညာပေး အကြောင်းအရာများတို့ကို Book Club ,Women Club အသင်းအဖွဲ့များတို့က သွားရောက် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)