ဝေါမြို့နယ်၌ မိုးစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဝေါ ဩဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မိုးစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်းများက အမှာစကားပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်မိုးလွင် က မိုးစပါးစိုက်ပျိုးပြီးစီးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးစည်သူ က မိုးစပါးစိုက်ပျိုးမှုနှင့်ပတ်သက်ကာ ရှင်းလင်းဆွေးနွေးပေးပြီး၊ တက်ရောက်လာသူများက မိမိတို့ကျေးရွာအတွင်း မိုးစပါးစိုက်ပျိုးမှုနှင့် ပတ်သက်ကာ တင်ပြ ဆွေးနွေးပေးသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက် ကြကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)