ရေစကြိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် စာဖတ်ဝိုင်းကျင်းပ

ရေစကြို သြဂုတ်၂၆

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့နံနက် ၉ နာရီအချိန်က စာပေဝါသနာရှင်များနှင့် စာရေးဆရာ ပေါက်ပေါက်၏ ကင်ဆာဘေးဝေးကျပါစေစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အောင်က ဆီးအိမ်ကင်ဆာ ဖြစ်စေနိုင်သည့် အကြောင်းအရာများဖြစ်သော ဆေးလိပ်သောက်ခြင်းနှင့် စီးကရက်မီးခိုးငွေ့ရှူရှိုက်ခြင်း၊ အသားအကြွပ်ကြော်များနှင့် တိရစ္ဆာန်အဆီ၊ အသက်(၆၅)နှစ်နှင့်အထက်၊ အထူးသဖြင့် တိုးတက်ပြီး နိုင်ငံ များတွင် တွေ့ရသော Schis - tosoma Haematobium (ခေါ်) ကပ်ပါပိုး၊ ဆီးအိမ်ကျောက် တည်သူများ၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနှင့် ဆီးရောဂါသည်များ၊ catheters (ခေါ်) ဆီးပိုက်သွင်း ထားရသော ဝေဒနာရှင်များ၊ မွေးရာပါဆီးအိမ်ရောဂါရှိသူများ၊ ဓာတုဓာတ်ပေါင်းဖြစ်သော စိန်ဓာတ် ပါသည့် အဆိပ်ရနံများဖြစ်ကြသည့် ရာဘာ၊ ချည်ယက်ထည်၊ ဆိုးဆေး၊ ပလတ်စတစ်၊ သုတ်ဆေး အမျိုးမျိုး၊ လယ်သာပေါလစ် စသည့်တို့နှင့် နေ့စဉ်ကိုင်တွယ်လုပ်ရခြင်း၊ ရနံ့များကို ရှုရှိုက်ခြင်း၊ မကြာခဏ ဆီးအိမ်ရောင်ရမ်းလေ့ရှိခြင်း၊ သားအိမ်လည်တိုင်ရောဂါများအတွက် မကြာခဏ ဓာတ်ရောင်ခြည်ပစ် ကုသခံနေရသူ အမျိုးသမီးများ စသည့်အကြောင်းအရာများကြောင့် ဆီးအိမ်ကင်ဆာ ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားခဲ့ပြီး စာရေးဆရာ ပေါက်ပေါက်၏ ကင်ဆာဘေးဝေးကြပါစေ စာအုပ်အား ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော စာပေဝါသနာပါသူများက သိရှိလိုသည်များကို မေးမြန်းဆွေး နွေးခဲ့ကြရာ ဒေါ်နွယ်နွယ်အောင်မှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်လုလင် (ရေစကြို )