လက်ပံတန်းမြို့၌ မြစ်မခမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ဆောင်ရွက်

လက်ပံတန်း ဩဂုတ် ၂၆

ပဲခူးတိုင်းဒသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မှု တိုးတက်စေရန်၊ ငါးသယံဇာတများ ပေါများ ကြွယ်ဝစေရေးနှင့် ငါးရိက္ခာဖူလုံစေရန်ရည်ရွယ်၍ မြစ်မခမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို မိုးအိုင်ကျေးရွာ၌ ယနေ့ နံနက်ပိုင်းက ကျင်းပ ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ သာယာဝတီခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ကြေးတိုင်အင်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မင်းလွင်နှင့် ဝန်ထမ်းများ၊ အင်းသားကြီးများ တက်ရောက်ခဲ့ကြပြီး ငါးမြစ်ချင်းကောင်ရေ (၁၁၈၁၇၀)ကောင်ကို ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)