မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသား/သူများနှင့် ဝါသနာရှင်များတက်ရောက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းဂေါက်ကလပ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မိုးညှင်းဂေါက်ကလပ် ဂေါက်သီးရိုက်သူများအဖွဲ့ (Golfer) နှင့် ဝန်ထမ်းများမှ ၂၀၂၂ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၇) နာရီခွဲက ဂေါက်ကလပ်ကွင်း၌ အရိပ်ရနှစ်ရှည်ပင် (၇၀၀) စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

‌ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော ဆွမ်း၊ ဆန်စိမ်းလှူဒါန်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ ဝါဆိုဝါကပ် တော်မူကြသော ရဟန်း၊ သာမဏေနှင့် သီလရှင်ဆရာလေးများကို ဝါတွင်းကာလအတွင်း ဆွမ်း၊ ကွမ်းများပြည့်စုံစွာဖြင့် သီတင်းသုံးနိုင်ရေးအတွက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ ဝါတွင်းကာလဖြစ်သော တနင်္ဂနွေနေ့တိုင်း ဆွမ်းလောင်းလှူဒါန်းပွဲကို အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့၌ မြစ်မခသဘာဝ‌ရေပြင်အတွင်း ငါးမျိုးကောင်ရေ (၂၅၀၀၀၀)‌စိုက်ထည့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးထုတ်လုပ်မှုတိုးတက်စေရန်၊ ငါးသယံဇာတများ‌ ပေါကြွယ်ဝစေရန်နှင့် ငါးရိက္ခာဖူလုံ‌စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ထန်းပင်ကုန်းကျေးရွာအုပ်စု၊ မြစ်မခမြစ်သဘာဝ‌ရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း ပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန် ကျေးရွာချင်းဆက်လမ်းဘေး (ဝဲ ၊ ယာ) တွင် ထန်းမျိုးစေ့ ၄၀၀ ပင် စုပေါင်းစိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရန်အတွက်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာနှင့် ကျစ်ကိုင်းကျေးရွာသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်း၊ လမ်းဘေး (ဝဲ၊ယာ) တွင် ဒေသခံကျေးရွာနေ ပြည်သူများနှင့်အတူ ထန်းမျိုးစေ့ပင်များ စုပေါင်းစိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် ရေမဲတွင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ) အဆင့်တိုးမြှင့်ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ငုက္ခလေးအုပ်စု ရေမဲတွင်းကျေးရွာ ကိုယ့်အားကိုယ်ကိုး တွဲဖက်မူလတန်းကျောင်းအား အခြေခံပညာမူလတန်းကျောင်း(ခွဲ) အဆင့်သို့တိုးမြှင့် ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီ အချိန်က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှုစီစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးရက်တိုသင်တန်းကို ယနေ့နံနက် (၉:၃၀)အချိန်က တောင်သာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Subscribe to