ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန် ကျေးရွာချင်းဆက်လမ်းဘေး (ဝဲ ၊ ယာ) တွင် ထန်းမျိုးစေ့ ၄၀၀ ပင် စုပေါင်းစိုက်ပျိုး

ပွင့်ဖြူ  ဩဂုတ်  ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရန်အတွက်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာနှင့် ကျစ်ကိုင်းကျေးရွာသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်း၊ လမ်းဘေး (ဝဲ၊ယာ) တွင် ဒေသခံကျေးရွာနေ ပြည်သူများနှင့်အတူ ထန်းမျိုးစေ့ပင်များ စုပေါင်းစိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထန်းမျိုးစေ့များ အကောင်အထည်ဖော်စိုက်ပျိုးခြင်းကို မကွေးတိုင်းဒေသကြီးသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသိန်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရန်နှင့် ကျေးလက်ဒေသတစ်ခွင် သာယာလှပစိမ်းလန်းစိုပြည်စေရန်အတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီ ထန်းပင်များ တိုးချဲ့စိုက်ပျိုးရေးစီမံချက်ဖြင့် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရကာ ယနေ့နံနက်ပိုင်းက မင်းဘူးခရိုင်သစ်တောဦးစီးဌာနမှူး ဦးအောင်မျိုးဝင်း ဦးဆောင်ကြီးကြပ်မှုဖြင့် ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မော်နှင့် ဝန်ထမ်းများအဖွဲ့က ဒေသခံကျေးရွာနေပြည်သူများနှင့်အတူ ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာနှင့် ကျစ်ကိုင်း ကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသော ကျေးရွာချင်းဆက်လမ်း၊ လမ်းဘေး(ဝဲ ၊ ယာ) များတွင် ထန်းမျိုးစေ့ ၄၀၀ ပင် အား ( ၉ ပေ × ၉ ပေ ) ပန္နက်ဖြင့် စနစ်တကျ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)