ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြောက်ခြင်းအခမ်းအနားကို မြို့နယ်သမဝါယမအသင်းစု ရုံးခန်းမတွင်နံနက် ၉ နာရီအချိန်မှ စတင်ကျင်းပခဲ့ကြောင်း သိ ရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ သဘာဝရေပြင် တုံးလှဲမြစ်ချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ငါးသယံဇာတတိုးပွားစေရေးရည်ရွယ်၍ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ် ၆ ရပ်ကွက် တုံးလှဲမြစ်ချောင်းသဘာဝ‌ရေပြင်၌ ကျင်းပသည်။

၂၀၂၂ ခုနှစ် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ အွန်လိုင်းတိုက်ကွမ်ဒိုပြိုင်ပွဲကြီးတွင် ဆုရရှိခဲ့သော ပုသိမ်ကြီးမြို့နယ် "Forever Young TKG Club "အဖွဲ့မှ ဆုရကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပခဲ့သော ၂၀၂၂ ခုနှစ် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ အွန်လိုင်းတိုက်ကွမ်ဒိုပြိုင်ပွဲကြီးတွင် နိုင်ငံပေါင်း(၂၄)နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံကိုယ်စားပြု (၁၄)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ နိုင်ငံကိုယ်စားပြု အားကစားသမားများတွင် ပါ၀င်သည့် အောင်ပွဲရပုသိမ်ကြီးမြို့နယ်" Forever Young TKG Club "အဖွဲ့မှ ဆုရကစားသမားများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲကို ၂၈.၈.၂၀၂၂ ရက်နေ့မနက်ပိုင်းက ပုသိမ်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ ပြုလုပ်ခဲ့သည်။

ဘားအံမြို့၌ ရာသီဥတုပြောင်းလဲမှုကြောင့် လူနှင့်ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရာသီဥတုပြောင်းလဲမှုကြောင့် လူနှင့်ပတ်ဝန်းကျင်အပေါ် အကျိုး သက်ရောက်မှုအကြောင်း သိရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ထိန်သိမ်းတတ်စေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့မွန်းလွဲ  (၁) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်၌ ဆီထွက်သီးနှံမျိုးစုံ (၄၅၂၄) ဧကနှင့် စပါး (၄၆၀၆၇) ဧက စိုက်ပျိုးပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဒေသအတွင်း ဆန်စပါးနှင့် စာသုံးဆီဖူလုံပိုလျှံရေး အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆီထွက်သီနှံမျိုးစုံ (၄၅၂၄) ဧကနှင့် စပါး(၄၆၀၆၇)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ငါးသိုင်းချောင်းမြို့ရှိ စျေးများ၌ ပထမဆုံး ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့တွင် ပြည်သူများလိုက်နာဆောင်ရွက်နေမှုအခြေအနေအား လိုက်လံစစ်ဆေး

ကျုံပျော်ခရိုင် ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေး၊ အောင်ဆန်းစျေးတို့နှင့် ပျံကျစျေးများ၌ ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့ ပထမဆုံးနေ့ တနင်္ဂနွေနေ့တွင် စျေးရောင်းစျေးဝယ် ပြည်သူများအနေဖြင့် သိရှိလိုက်နာဆောင်ရွက်နေမှုအား ငါးသိုင်းချောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှုဆောင်အရာရှိ ဦးခင်ညွန့်တို့ကဦးဆောင်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက စျေးများအတွင်း လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပါသည်။

မုဒုံမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ် မုဒုံမြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အသိပညာပေးကဏ္ဍကို အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း “1111” Public Feedback Programme အစီ အစဉ်အရ ယနေ့နံနက်ပိုင်းက မြို့မစျေးနှင့် လူစည်ကားရာနေရာတို့၌ လက်ကမ်းစာ စောင်များကို ဖြန့်ဝေသည်။

မိုင်းဆတ်-မိုင်းခုတ်သွား နမ့်ခမ်းချောင်းကူး ကွန်ကရစ်တံတားပြိုကျပျက်စီးမှု ယာယီဝါးတံတားတည်ဆောက်ပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ဩဂုတ် ၂၆ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့နံနက်ပိုင်းက ဟိုနားကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော နမ့်ခမ်းချောင်းပေါ်တွင် တည်ဆောက်ထားသည့် အလျား(၄၀)ပေ၊ အနံ(၁၂)ပေရှိ မိုင်းဆတ်-မိုင်းခုတ်သွား နမ့်ခမ်းချောင်းကူး ကွန်ကရစ်တံတားသည် တောင်ကျရေများတိုက်စားခြင်းကြောင့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ငှက္ကတောင်ရွာ၌ သောက်သုံးရေဖူလုံရေး ရေပေးဝေးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   သောက်သုံးရေအခက်အခဲရှိသော ကျေးရွာများအား သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ငှက္ကတောင်ကျေးရွာ၌ သောက်သုံးရေဖူးလုံရေး ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ရာ ရာနှုန်းပြည့်ပြီးစီပြီဖြစ်ကြောင်း သိရှိရသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) တွင် မိုးရာသီမြန်မာ့သိုင်းအခြေခံအားကစားနည်း သင်တန်းဆင်းပွဲ ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ စီစဉ်ကျင်းပသော မိုးရာသီမြန်မာ့သိုင်း အခြေခံအာကစားနည်း သင်တန်းဆင်းပွဲကို မာဂဓီသစည်ဘုန်းတော်ကြီးသင် ပညာရေးမူလတန်း လွန်ကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်း (၃) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to