နောင်ချို ဩဂုတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ငုက္ခလေးအုပ်စု ရေမဲတွင်းကျေးရွာ ကိုယ့်အားကိုယ်ကိုး တွဲဖက်မူလတန်းကျောင်းအား အခြေခံပညာမူလတန်းကျောင်း(ခွဲ) အဆင့်သို့တိုးမြှင့် ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီ အချိန်က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရေမဲတွင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)ဆိုင်းဘုတ်အား မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးခိုင်၊ သဖန်းကိုင်းပရဟိတဆရာတော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ၎င်းနောက် ဒုတိယပိုင်း အစီအစဉ်အရ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်းက ကျောင်းအဆင့်တိုးဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သဖန်းကိုင်းပရဟိတဆရာတော်မှ လိုအပ်သည်များကို လမ်းညွှန်မှုပြုခဲ့သည်။
ဆက်လက်၍ သဖန်းကိုင်းပရဟိတဆရာတော်နှင့် အဖွဲ့များက ကျောင်းအဆင့်တိုးဖွင့်လှစ်သည့် အခြေခံပညာမူလကျောင်း(ခွဲ)အတွက် အလှူငွေကျပ် ငါးသိန်းနှင့်ဗလာစာအုပ် ၃၀ ဒါဇင် လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကာ ကျောင်းအကျိုးတော်ဆောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)