မိုးညှင်း ဩဂုတ် ၂၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မိုးညှင်းဂေါက်ကလပ် ဂေါက်သီးရိုက်သူများအဖွဲ့ (Golfer) နှင့် ဝန်ထမ်းများမှ ၂၀၂၂ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၇) နာရီခွဲက ဂေါက်ကလပ်ကွင်း၌ အရိပ်ရနှစ်ရှည်ပင် (၇၀၀) စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါ နှစ်ရှည်ပျိုးပင်များစိုက်ပျိုးရာတွင် သစ်တောသယံဇာတများ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ သဘာဝပတ်ဝန်းကျင်များ စိမ်းလမ်းစိုပြေစေရန်၊ ဂေါက်ကွင်းတွင် အများပြည်သူများ အပန်းဖြေနိုင်စေရန်နှင့် လေကောင်းလေသန့်များ ရရှိစေရန်ရည်ရွယ်၍ မိုးညှင်းဂေါက်ကလပ်မှ ဂေါက်သီးရိုက်သူများအဖွဲ့ (Golfer) နှင့် ဝန်ထမ်းများက သတ်မှတ်နေရာများ အသီးသီးတွင် အရိပ်ရနှစ်ရှည်ပင်များဖြစ်သည့် မန်ဂျာရှားပင် (၁၀၀)၊ ကျွန်းပင် (၂၁၅)ပင်နှင့် ပျဉ်းကတိုးပင် (၃၈၅) ပင်၊ စုစုပေါင်းပျိုးပင် (၇၀၀)ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဇွဲသူရအောင် (မိုးညှင်း)