မင်းလှ ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးထုတ်လုပ်မှုတိုးတက်စေရန်၊ ငါးသယံဇာတများ ပေါကြွယ်ဝစေရန်နှင့် ငါးရိက္ခာဖူလုံစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ထန်းပင်ကုန်းကျေးရွာအုပ်စု၊ မြစ်မခမြစ်သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း ပြုလုပ်ခဲ့သည်။
ငါးမျိုးစိုက်ထည့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဖြိုးဝေလင်းနှင့် ဝန်ထမ်းများတို့က မြစ်မခမြစ်သဘာဝရေပြင်အတွင်း ငါးမြစ်ချင်း(၂)လက်မအရွယ်ကောင်ရေတစ်သိန်း၊ ထိုင်းငါးခုံးမကြီး(၂)လက်မအရွယ်ကောင်ရေတစ်သိန်း၊ ဒေသတိုင်းရင်းငါးမျိုး ငါးဖမ်းမ(၂)လက်မ အရွယ်ကောင်ရေ(၅၀၀၀၀) စုစုပေါင်းငါးသားပေါက်ကောင်ရေ (၂၅၀၀၀၀)အား မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)