ရွှေဘိုခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ

ရွှေဘို ဩဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ​ရွှေဘိုအ​တွေး​ရွှေဘို​သွေးစာ​ပေ အနုပညာမဂ္ဂဇင်းအမှတ် (၃)၊၂၀၂၂ခုနှစ်စာအုပ်မှ၊ ဆရာမြတ်သာထွန်း(​ရွှေစံပြ) ​ရေးသားထားသည့် "ဖြတ်လမ်း" ဝတ္ထုတိုဖြင့်ယမန်နေ့ နံနက်(၁၀)နာရီချိန်ကစာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ​ရွှေဘိုမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာ ​အောင်ဘုန်းညိုက အဖွင့်အမှာစကားပြောကြားပြီး ​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး​ ဒေါ်​အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို​ ဆွေး​နွေး ပြောကြားခဲ့ပြီးနောက်၊ တက်​ရောက်လာ​သော စာ​ပေချစ်မြတ်နိုးသူများမှ "ဖြတ်လမ်း" ဝတ္ထုတိုပါအ​ကြောင်းအရာများကို ဝိုင်းဝန်း​ဆွေး​နွေးခဲ့​ကြောင်းနှင့် စိတ်ကြိုက်ကဗျာများ ရွတ်ဆိုခဲ့​ကြောင်း သိရသည်။

ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ရွှေဘိုခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် မျိုးဆက်သစ်လူငယ်များစာ​ပေဖတ်ရှု့သည့် အ​လေ့အကျင့်​ကောင်းများ ရရှိ​စေရန်အတွက် စာရေးဆရာများ၊ (Book Club) စာပေမြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းများနှင့် အသိပညာပေး ဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်