လိပ်သို သြဂုတ် ၂၉
ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်နှင့် ၄င်း၏ မျိုးစိတ်အသစ် BA.4 နှင့် BA.5 ရောဂါပိုးများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဒေသနေပြည်သူများ သိရှိလိုက်နာကြစေရန် အသိပညာပေးနှိုးဆော်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံး၀န်ထမ်းများက ကရင်၊ မြန်မာနှစ်ဘာသာဖြင့် မြို့ပေါ်/ရပ်ကွက်များနှင့် မာဒေးကျေးရွာသို့ Hand Speaker ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါနှိုးဆော်ချက်တွင် ယခုအချိန်၌ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးအသစ် BA.4 နှင့် BA.5 ရောဂါပိုးများကို တွေ့ရှိနေပြီဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်လျက်ရှိနေပြီဖြစ်သောကြောင့် ကြိုတင်ကာကွယ်ထားနိုင်ရန်၊ ပြည်သူများအနေဖြင့် နှာခေါင်းစည်း( Mask)များကို စနစ်တကျတပ်ဆင်ကြရန်၊ လက်ကိုစနစ်တကျဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိ၌ သံသယလက္ခာရှိသည်ဟုယူဆရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကာကွယ်ဆေးကိုအကြိမ်ပြည့်ထိုးနှံထားကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအချက်များကို လိုက်နာကြရန် စသည့်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)