ဘောဂလိ သြဂုတ် ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက လှည့်လည်အသိပညာပေးနှိုးဆော်ကြကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီ လိုက်နာရမည့်အချက်များ၊ ကိုဗစ်-၁၉ ရောဂါသံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ ဆေးကုသမှုခံယူကြရေးနှင့် ယခုအချိန်တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၄င်း၏ မျိုးစိတ်အသစ် BA.4 နှင့် BA.5 ရောဂါပိုးများသည် နိုင်ငံအနှံ့၌ ကူးစက်ပျံ့နှံ့လျက်ရှိပြီး မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများတွင် ရောဂါပိုးများကူးစက်လျက်ရှိပြီးဖြစ်သည့်အတွက် လတ်တလောဖြစ်ပွားနေသည့် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးအိုမီခရွန်နှင့် ၄င်း၏ မျိုးစိတ်အသစ်များ အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ပြည်သူများလိုက်နာရမည့်အချက်များကို အသိပညာပေးနှိုးဆော်ကြကြောင်း သိရသည်။
ဘောဂလိ(ပြန်/ဆက်)