မြန်အောင် ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများတွင် ပလတ်စတစ်သုံးစွဲမှု လျော့ချရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်က မြန်အောင် နေခြည်စျေး အတွင်း/အပြင် စျေးရောင်း၊ စျေးဝယ် ပြည်သူများ ပလတ်စတစ်အိတ်မသုံးစွဲရေး အသိပညာပေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပလပ်စတစ်သုံးစွဲမှု လျော့ချရေးအတွက် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးနေမင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုသူ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးကျင်စိုးနှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ အသားငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များ စသည့် အသုံးဆောင်ပစ္စည်းများအား ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောရွက်၊ စက္ကူများ၊ ချိုင့်များ၊ ဆွဲခြင်းစသည့် ပစ္စည်းများဖြင့် အစားထိုး သုံးစွဲရောင်းချနေမှုကို စျေးအတွင်း လိုက်လံကြည့်ရှု၍ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)