တောင်ကြီး ဩဂုတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှု လေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာပေး သုတ၊ ရသစာပေများနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် ဖြင့် ယနေ့နံနက် ၉ နာရီခွဲက စာအုပ်များ သွားရောက်ငှားရမ်းပေးလျက်ရှိသည်။
ထိုသို့ငှားရမ်းပေးရာ တောင်ကြီးမြို့ အ.ထ.က (၄) နှင့် အ.ထ.က (၅) ကျောင်းများတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် စာအုပ်များငှားရမ်းနိုင်ရေး အသင်းဝင်ကတ်ပြားများ ဆောင်ရွက်ပေးပြီး၊ သုတရသစာအုပ် ၂၅၀ ကို စနစ်တကျငှားရမ်းပေး လျက်ရှိသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်ငှားရမ်းပေးခြင်းကို တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ အလှည့်ကျသွားရောက်ဆောင်ရွက်ပေးလျက်ရှိပြီး နှစ်ပတ်လျှင်တစ်ကြိမ် စာအုပ်စာစောင်သစ်များ လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း