ဘီးလင်းမြို့နယ်၌ ကျောင်းကျန်းမာရေး ကွင်းဆင်းစစ်ဆေး​ခြင်းနှင့်ကျန်းမာရေး အသိ‌ပညာပေးခြင်းများဆောင်ရွက်

ဘီးလင်း ဩဂုတ် ၃၁

မွန်ပြည်နယ်၊ ​ဘီးလင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများသည် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အ.မ.က(မြို့သစ်)ကျောင်းသို့ သွားရောက် ဆောင်ရွက်ခဲ့​ကြကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာ​ရေး ဆရာမဒေါ်ခင်ခင်မြင့်နှင့် ကျန်းမာရေးဝန်းထမ်းများက သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၏ တစ်ကိုယ်ရည်သန့်ရှင်း​​ရေး စစ်ဆေးပေးခြင်းများအပြင် နှာစေး၊ ချောင်းဆိုးရောဂါ ဖြစ်ပွားနေသည့် ကျောင်းသား/ ကျောင်းသူများအား ဆေးများအခမဲ့ တိုက်ကျွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထူးနောင် ဘီးလင်း (ပြန်ဆက်)