တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၂ ခုနှစ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်အောင်နိုင်ရေး အလံပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ်  သြဂုတ် ၃၁

တနင်္သာရီတိုင်းဒေသကြီး၊၂၀၂၂ ခုနှစ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး၂ဝ၂၂ ခုနှစ်၊(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အခြေခံ ပညာအဆင့်အသက်(၁၀-၁၅)နှစ်၊ (၁၅-၂၀)နှစ်၊ အဆင့်မြင့်ပညာအဆင့်၊ ဝါသနာရှင်အဆင့်တို့တွင် ပြိုင်ပွဲဝင်(၃၂)ဦး၏ယှဉ်ပြိုင်မှုများကို အကဲဖြတ်ဒိုင် အဖွဲ့ဝင်များက စိစစ်ရွေးချယ်အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။

ထို့နောက်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ် မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိသူပြိုင်ပွဲဝင်များက ပြန်လည်ဖျော်ဖြေတင်ဆက်ကပြခဲ့သည်။

ဆက်လက်၍ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေးအား ပြိုင်ပွဲအထိမ်းအမှတ် ဂုဏ်ပြုပန်းခြင်း အားလည်းကောင်း၊ ဒိုင်ချုပ်အဖွဲ့နှင့်အကဲဖြတ်ဒိုင်အဖွဲ့ခေါင်း ဆောင်များ အားဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်အားလည်းကောင်း၊ချီးမြှင့်ပြီးနေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးအဆို၊ အက၊ အရေး၊ အတီးအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ခဲ့ကာ တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ်(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောင်မြင်စွာ ပိတ် သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)