နတ်မောက် ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးတို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ရှိ မှန်ကန်သည့် မဲဆန္ဒရှင်စာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ ထပ်မံစိစစ်နိုင်ရန် ရက်တိုသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ဦးထက်ဝေယံက အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ၆၆/၆ အချက်အလက်များကို EID စနစ်ဖြင့် Software Program နည်းပညာအသုံးပြု၍ Data Base ရေးသွင်းခြင်း လုပ်ငန်းမှန်ကန်မှုရှိစေရန် အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာများစသည့် အချက်အလက်များ Softwareဖြင့် ထည့်သွင်းသည့် စာရင်းဇယားများကို ပြန်လည်စိစစ်ပေးစေရန် ကွန်ပျူတာကျွမ်းကျင်သူ ဌာနဆိုင်ရာဝန်ထမ်းအား လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် နည်းပညာများကို ပြသဆွေးနွေးခဲ့ရာ ပူးပေါင်းဆောင်ရွက်ရမည့် ဌာနဆိုင်ရာဝန်ထမ်း(၈) ဦးတို့ကလည်း စိတ်ဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
လှဝင်း (ပြန်/ဆက်)