ကျောင်းကုန်း ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်((၂)ရပ်ကွက်၊ စားသုံးသူရေးရာဦးစီး ဌာနရုံး၌ ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က စတင်ရောင်းချပေး လျက်ရှိသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူတို့၏ အခြေခံစားသောက်ကုန်ဖြစ်သော ဆန်ကို တည်ငြိမ်သော ဈေးနှုန်းဖြင့် သက်သာစွာ ဝယ်ယူရရှိနိုင် ရေး စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လူတစ်ဦး လျှင် ဆန်(၂)ပြည်နှုန်းဖြင့် ဆန်အိတ် (၂၀၀)ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနက သိရသည်။
“အခုရောင်းချပေးတဲ့ဆန်က တော်တော်လေးကောင်းတယ်၊ အပြင်ဆိုင်တွေမှာ တစ်ပြည်ကို ၂၂၀၀ ကျပ်ထိ ရောင်းချနေသဖြင့် ၅၀၀ ကျပ်၊ ၇၀၀ ကျပ် သက်သာတယ်၊ ကျေးဇူးတင်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဝင်းကြိုင်(ပြန်/ဆက်)