ချောင်းဆုံမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စံပြစိုက်ကွယ်၌ မျိုးစပါးမျိုးကွဲနုတ်ပယ်ခြင်း ကွင်းဆင်းသရုပ်ပြပွဲဆောင်ရွက်

ချောင်းဆုံ ဩဂုတ် ၃၁

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ တောင်သူများ ဘက်စုံအဆင့်မြှင့် နည်းပညာသုံပြီးအတွက် နှုန်းမြင့်မားကာ အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့်မျိုးစေ့ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် (RS to CS-SGA) ပေါ်ဆန်းရင် မျိုးစေ့ထုတ်စိုက်ခင်း (၃၂)ဧက စိုက်ပျိုးထားသည့် ကော့ကဒိုက်ကျေးရွာရှိ တောင်သူဦးကျော်သက်၏ လယ်ကွက်တွင် ယမန်နေ့က မျိုးစပါးမျိုးကွဲနုတ်ပယ်ခြင်း ကွင်းသရုပ်ပြပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင်နှင့် ဝန်ထမ်းများကွင်းတာဝန်ခံဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စံပြစိုက်ကွက် စိုက်ဧကမှာ (၄၁၆)ဧကရှိကြောင်း၊ ယခုလို စိုက်ပျိုးပြီး စပါးများကိုမျိုးကွဲနုတ်ပယ်ခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်ရခြင်းသည်။ စပါးစိုက်တောင်သူအနေနှင့် အရည်အသွေးကောင်းမျိုးစေ့များ သွင်းအားစုများအား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို အသုံးပြုခြင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှု စွမ်းအားနှင့်အကျိုးမြတ်တိုးတက်လာစေရန် တောင်သူများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက် ရည်ရွယ်ပြီး နည်းပညာသုံးစံပြစိုက်ကွက်/ စံပြကျေးရွာကို ဖော်ဆောင်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ အဆိုပါကွင်းသရုပ်ပြခြင်း လုပ်ငန်းကိုဌာနမှ တာဝန်ရှိသူဝန်ထမ်းနှင့် တောင်သူများပူးပေါင်းပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)