ဘူးသီးတောင်မြို့၌ မြစိမ်းရောင်ကျေးရွာစံပြဆုပေးအပ်ပွဲနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက်ရေးဆွဲနည်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစံပြဆုပေးအပ်ပွဲနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက်ရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ဘူးသီးတောင်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်ထိုခရိုင်၊ ခရိုင်တရားရုံးဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်လှစ်ပွဲအခမ်းအနားကျင်းပ

ကျိုက်ထိုခရိုင်တရားရုံး ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁ ရက် နံနက် ၈နာရီခွဲတွင် ကျိုက်ထိုမြို့တောင်သူစုရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ယခင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)  ရုံးဝင်း၌ ဖွင့်လှစ်ခဲ့သည်။

တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေး ရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်

တံတားဦခရိုင်၊ တံတားဦးမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းက တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာ ရွာဦး ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း၌ မြေပြင်ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာကုသရေးစင်တာသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ လာရောက်စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၁၆၈)ရပ်ကွက်၊ ရိုးမရိပ်သာသို့ ယမန်နေ့နံနက် (၁၁:၅၀)နာရီက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးညီညီမင်း၊ တိုင်းဒေသကြီးကျန်းမာရေး ဦးစီးမှူး ဒေါက်တာထွန်းမင်းတို့ လာရောက်စစ်ဆေးခဲ့သည်။၊

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အေးနှင်းအောင် စုစည်းပြင်ဆင်ထုတ်ဝေသည့် "လှပသော စကားသုံးလုံးနှင့် ဘဝတိုးတက်ရေး လမ်းညွှန် ဆောင်းပါးတိုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်  အမ်းမြို့နယ်၌ စာပေမြတ်နိုးသူ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအား လူ့ဘဝ၌ နေ့စဉ်ကြုံတွေ့ရမည့် အတက်အကျ၊ အနိမ့်အမြင့်၊ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ယနေ့၊ နံနက်အချိန်က အေးနှင်းအောင် စုစည်းပြင်ဆင် ထုတ်ဝေသည့် လှပသော စကားသုံးလုံးနှင့် ဘဝတိုးတက်ရေး လမ်းညွှန်ဆောင်းပါးတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

တံတားဦးမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးနိုင်ရန်အတွက် ကျေးရွာ(၁၃)ရွာအား ချေးငွေများထုတ်ချေးပြီးစီး

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မိုးရာသီကာလ တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်‌ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာ(၁၃)ရွာမှ တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် မွေးစမှအသက် (၁) နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မွေးစမှ အသက် (၁) အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် (၈) နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရေးခရိုင်တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ ရေးခရိုင်တွင် (၂၃ )ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ရေးခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to