ကျောင်းကုန်းမြို့၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကတင်း(၉၀)ကျော်ထွက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျုံဖားရိုးအုပ်စု၊ ဆိပ်ဖူးနီလေးကျေးရွာ တောင်သူ ဦးချစ်စမ်းမောင်၏လယ်မြေ ကွင်းအမှတ် ၄၂၂AN၊ ဦးပိုင်အမှတ် ၄၈/၅၊ စိုက်ဧက ၇.၇၅တွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ပခန်းရွှေဝါမိုးစပါး စံကွက်ရိတ်သိမ်းခဲ့သည်။

နမ့်စန်တွင် ခရိုင်တရားရုံးဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ခရိုင်တရားရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အမှတ်(၁)ရပ်ကွက်၊ နမ့်စန်မြို့လယ် ပြည်ထောင်စုလမ်းမကြီးဘေးရှိ အဆိုပါခရိုင်တရားရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို မြို့နယ်ပေါင်းစုံမှ ‌ဘောလုံးအသင်း (၁၀)ဖြင့် ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း သြဂုတ် ၂၁ ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ရာ သြဂုတ် ၃၁ ရက် မွန်းလွဲ ၃ နာရီအချိန်က နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။

နမ့်စန်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၁/၂၀၂၂)ဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီခွဲက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကော့သောင်းမြို့တွင် ငါးဖမ်းလှေ သုံးစီးမီးလောင်မှုဖြစ်စဉ်၌ သေဆုံးသူနှင့်ဒဏ်ရာရသူများအား ထောက်ပံ့ကြေးပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး၊ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကော့သောင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ကော့သောင်းမြို့တွင် ငါးဖမ်းလှေသုံးစီးမီးလောင်မှုဖြစ်စဉ်၌ သေဆုံးသူနှင့်ဒဏ်ရာရသူများအား ထောက်ပံ့ကြေးပေးအပ်အပ်ပွဲကို  ယမန်‌နေ့ညနေပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ပြုလုပ်သည်။

ကျောင်းသား၊ ကျောင်းသူများကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော၍ နံရံကပ်စာစောင်များပြသ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ လေတပ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် သံဃိက သံဃာ့ဒါန အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူပူဇော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်‌နှစ်တိုင်း ဝါတွင်းကာလတစ်လျောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိက သံဃာ့ဒါန အာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ

ရပ်စောက်မြို့နယ် ဈေးတန်းရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ရေးအစီအစဉ် (MCCT)အရ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုး ထုတ်လုပ်နိုင်စေရန် ဆောင်ရွက်လျက်ရှိသည့် မျိုးစေ့ထုတ်မိုးနှောင်းချည်မျှင်ရှည်ဝါများ စတင်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မျိုးစေ့ထုတ် မိုးနှောင်း ချည်မျှင်ရှည်ဝါများ စတင်စိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဒေးဒရဲမြို့၌ မျိုးစေ့ထုတ်တောင်သူများအား ယူရီးယားဓာတ်မြေသြဇာများ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးနှင့် ပူးပေါင်းဆောင်ရွက်သည့် မျိုးစေ့ထုတ်တောင်သူများအား ဓာတ်မြေသြဇာ စျေးနှုန်းကြီးမြင့်မှုကြောင့် အထွက်နှုန်းလျော့နည်းကျဆင်းမှု မရှိစေရေးအတွက် နိုင်ငံတော်သတ်မှတ်စျေးနှုန်းအတိုင်း ယူရီးယားဓာတ်မြေသြဇာများကို ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to