ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဂေါပကအဖွဲ့ ပဉ္စမသက်တမ်း(၃)နှစ်ကာလအတွက် ဂေါပကအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဂေါပကအဖွဲ့ ပဉ္စမသက်တမ်း(၃)နှစ်ကာလအတွက် ဂေါပကအဖွဲ့ဝင်များခန့်အပ်တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ၁၃၈၄-ခုနှစ်၊ တော်သလင်းလဆန်း(၇)ရက်၊ (၁-၉-၂၀၂၂) ရက်၊ ယနေ့နံနက်(၀၉:၃၀)နာရီအချိန်တွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ဓမ္မာရုံအတွင်း၌ ကျင်းပသည်။