သာယာဝတီမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းများအား ကွင်းဆင်းကြီးကြပ်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များကို ယမန်နေ့နေ့လယ် ၂ နာရီက ကွင်းဆင်းကြီးကြပ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/သူများ၊ လူငယ်များ၊ စာအုပ်စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပေါ်ပေါက်လာစေရန်နှင့် အားလပ်ချိန်များတွင် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များရှိ စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းနှင့် သမဝါယမ ဦးစီးဌာနများသို့  စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။

တွံတေးခရိုင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးရုံးသစ် ဖွင့်ပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရန်ကုန်တိုင်းတိုင်းဒေသကြီး၊ တွံတေးခရိုင်၌၊ ယနေ့နံနက် ၉ နာရီမိနစ် ၃၀ အချိန်က ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ရုံးသစ်ဖွင့်ပွဲကို ကွမ်းခြံရပ်ကွက်၊ တွံတေး-ကွမ်းခြံကုန်းကားလမ်း (လမ်းဟောင်း) ဘေးရှိ အဆိုပါရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့၌ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် ဗဟုသုတအဖြာဖြာတိုးပွားလာရန်ရည်ရွယ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အထွေထွေဗဟုသုတကြွယ်ဝစေရေး ကျောင်းသားကျောင်းသူများ လက်ဝယ်အရောက် စာအုပ်စာစောင်များလှည့်လည် ငှားရမ်းပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အထွေထွေဗဟုသုတကြွယ်ဝစေရန်အတွက် စာပေများဖတ်ရှုနိုင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက အ.ထ.က(ပုဏ္ဏားစု) ကျောင်းသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ ဆက်လက်ရောင်းချပေး

ပြည်သူများစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ပြည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ ရောင်းချပေးလျက်ရှိရာ ယနေ့တွင်လည်း အမှတ်(၄)ရပ်ကွက်တွင် နံနက် ၈ နာရီက စတင်ရောင်းချပေးခဲ့သည်။

ဒဂုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၂) အ​ခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်တွင် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုတွင် အာဟာရပစ္စည်းများထောက်ပံ့ခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများ ထောက်ပံ့ခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သင်ပန်းကုန်းသားဖွားခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။

ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ သင်တန်း/ဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်း/ဆွေးနွေးပွဲ ကို ဩဂုတ် ၃၀ ရက်က အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ငါ့သရောက်မြို့ ပြန်/ဆက်ဦးစီးဌာန (Community Center) ခန်းမတွင် ကလေးများ စာပေဗဟုသုတရရှိစေရန် စာဖတ်ဝိုင်းပြုလုပ်

 မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ကလေးများအားစာပေဗဟုသုတရရှိစေရန် ဒုတိယ ဦးစီးမှူးဒေါ်အေးအေးမိုးမှ သုတ၊ ရသစာစောင်များမှ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဖတ်ပြပြီး ကလေးများ၏အတွေးအခေါ်အယူအဆများအား အပြန်အလှန်ဆွေနွေးခဲ့ကြောင်း သိရသည်။
Subscribe to