သရက် စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အသက်(၂)လမှ အသက် (၁)နှစ်ခွဲထိကလေးငယ်များကို ဒုတိယနေ့ ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက ရုံးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့ပေါ်(၈)ရပ်ကွက်မှ အသက်(၂)လမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိသည်။
အသက်(၂)လမှ အသက် (၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက အသည်းရောင် အသားဝါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် ၊ ဦးနှောက်အမြှေး ရောင်၊ (ငါးမျိုးစပ်ကာကွယ်ဆေး) ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ဝက်သက်၊ဂျိုက်သိုး ရောဂါကာကွယ် ဆေး စသည်များကို အသက်အရွယ်အလိုက် သက်ဆိုင်ရာ ကာကွယ်ဆေးများကို စက်တင်ဘာ(၅)ရက်မှ ထိုးနှံတိုက်ကျွေးခြင်းကို စက်တင်ဘာ(၅)ရက်နေ့က စတင်၍ ဆောင်ရွက်ပေးရာ ဆေးထိုးရန် ကျန်ရှိသူများအား စက်တင်ဘာလ(၇)ရက်နေ့ထိ မနက်(၈)နာရီ(ခွဲ)မှ နေ့လည် (၁၂)နာရီထိ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)