ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်သောအဖွဲ့မှ အင်္ဂပူမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးဖြစ်ထွန်းမှုအား ကြည့်ရှုစစ်ဆေး

အင်္ဂပူ စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း ဦး‌ဆောင်သောအဖွဲ့သည် စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စေတီခုံအုပ်စု၊ စေတီခုံရွာရှိ တောင်သူ ဦးသာလင်းနှင့် တောင်သူများစိုက်ပျိုးထားသည့် မိုးနေကြာစိုက်ခင်းအား ကွင်းဆင်းကြည့်ရှု့ စစ်‌ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင် ဦးဆောင်သောအဖွဲ့မှ မိုးနေကြာစိုက်တောင်သူများအား မိုးနေကြာများကို ရိတ်သိမ်းပြီးပါက ဆောင်းအတွက် မျိုး‌စေ့ပြန်လည်အသုံးပြုနိုင်ရေး စုဆောင်းထားရှိရန်၊ ဆောင်းနေကြာ သီးသန့်စိုက်ဧကများ လျာထားဧက ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ရန်မှာကြားခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုးနှင့် တာဝန်ရှိသူများ မိုးနေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)