နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ

ပုသိမ် စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်မြို့နယ်၊  ရွာသစ်ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ   နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၄) တက်ရောက်သင်ကြားနေကြသည့် သင်တန်းသူများအား အသိ ပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသူများအနေဖြင့် Facebook သုံးစွဲခြင်း၏ အကျိုးအပြစ် များနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး သင်တန်းသူများအား မိမိတို့ရည်မှန်းချက် အတိုင်း သင်တန်းနည်းပြများ၏ သင်ကြားသည့် ဘာသာရပ်များကို လေ့လာဆည်းပူး၍ တတ်ကျွမ်းအောင် သင်ယူကြပြီး သင်တန်းမှရရှိသည့် ပညာရပ်များဖြင့် မိမိတို့အရပ်ဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါ ဆက်လက်ကြိုးစားကြရင်းဖြင့် မိမိတို့၏ မိသားစုဘဝများ တိုးတက်အောင် ကြိုးစားသွားကြရေးနှင့် ဗဟုသုတ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ဆက်လက်ကြိုးစားသွားကြရေး မှာကြားခဲ့သည်။ ထို့နောက် အမှတ်(၇)နယ်မြေ၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးအဖွဲ့၊ ရဲအုပ်သန်းထိုက်ဦးမှ လူကုန်ကူးမှု သမိုင်းကြောင်း၊ စတင်ဖြစ်ပေါ် လာပုံနှင့် ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ လူကုန်ကူးမှုအကြောင်းအရာများနှင့် ပတ်သက်၍လည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။

အသိပညာပေး ဟောပြောပွဲသို့ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အိမွန်နှင့် နည်းပြဆရာမများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြင့်ဟန်