မြန်အောင် စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး ပညာပေး ဗီနိုင်းပိုစတာ စိုက်ထူခြင်းနှင့်ဒေသတွင်း လုံခြုံရေး မြို့အဝင်/အထွက် ဂိတ်များတွင် စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်က မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေး ဗီနိုင်းပိုစတာအား မြန်အောင်မြို့အဝင် မာလာကာကုန်းစစ်ဆေးရေးဂိတ်အနီး မြန်အောင်-ကြံခင်း ကားလမ်းဘေးတွင် စိုက်ထူရာ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြန်အောင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် စိုက်ထူခဲ့ကြပြီး ခရီးသွားပြည်သူများ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးခြင်းများ၊ ခရီးသည်နှင့်ကုန်စည် ပိုဆောင်ရေးကားများ ယာဥ်စစ်ဆေးခြင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း QR Code စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်မြန်အောင် (ပြန်/ဆက်)