လောင်းလုံး စက်တင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community centre) တွင် ကျောင်းသား၊သူများ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်နှင့် ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်စေရည်ရန် ရည်ရွယ်၍ ယမန်နေ့ညနေ ၃ နာရီအချိန်က စက္ကူ ခေါက်ပြိုင်ပွဲနှင့်ဟောပြောပွဲများပြုလုပ်ဆောင်ရွက်သည်။
ရှေးဦးစွာလောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းကစာဖတ်ခြင်းဖြင့် ရရှိသောအကျိုး ကျေးဇူးများကို အသိပညာပေး ဟောပြော သည်။
ဆက်လက်၍ သတင်းကျွတ်မရောက်မီ ရောင်စုံမီးပုံးပြိုင်ပွဲအား ပြုလုပ်ကျင်းပကာ ကျောင်းသား၊ သူများက ပါဝင်ယှဥ်ပြိုင်ကြ၍ ဆုရရှိသူများအား ဦးစီးအရာရှိဒေါ်သိန်းသိန်း ကဆုများချီးမြှင့်ခဲ့ ကြောင်းသိရသည်။
သိန်းသိန်း(လောင်းလုံး)