ချောက်မြို့၌ အ​ခြေခံပညာကျောင်းများ၌ နိုင်ငံတကာစာတတ်​မြောက်​ရေး​နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့်​ပြိုင်ပွဲများ ကျင်းပပြုလုပ်

ချောက် စက်တင်ဘာ

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၊ အ​ခြေခံပညာကျောင်းများ၌ ယမန်​နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းအချိန်က နိုင်ငံတကာစာတတ်​မြောက်​ရေး​နေ့ အထိမ်းအမှတ် ​ကျောင်းတွင်း ​​ဟောပြောပွဲနှင့်​ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲများကို သက်ဆိုင်ရာ​ကျောင်းများအလိုက် ကျင်းပပြုလုပ်ခဲ့​​ကြောင်း သိရသည်။

နိုင်ငံတကာစာတတ်​မြောက်​ရေး​နေ့ အထိမ်းအမှတ် ​​ကျောင်းတွင်း​ဟောပြောပွဲကို အမှတ် (၄) အ​ခြေခံပညာအထက်တန်း​ကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်ကအဆိုပါ​ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦး​အား ကျောင်းအုပ်ဆရာမ​ကြီး ဒေါ်မြင့်မြင့်မော်က နိုင်ငံတကာစာတတ်​မြောက်​ရေး​နေ့ အထိမ်းအမှတ် အသိပညာ​ပေး​ဟော​ပြော​ပွဲကိုလည်း​ကောင်း၊ အမှတ် (၁) အ​ခြေခံပညာအထက်တန်း​ကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က အလယ်တန်းဆင့် ပန်းချီ​ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊​ ကျောင်းသူ (၃၀) ဦးမှလည်း​ကောင်း၊ အမှတ်(၂)​အ​ခြေခံပညာအထက်တန်း​ကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၅) ဦးမှလည်း​ကောင်း၊ အမှတ်(၃) အ​ခြေခံပညာအထက်တန်း​ကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ကအလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာကျောင်း သား၊ကျောင်းသူ  (၃၄)ဦးမှလည်းကောင်း အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့​​ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲများတွင် ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများ ရွေးချယ်ပြီး ဆုရှိသူများကို ကျောင်းအလိုက် ပညာရည်ချွန်ဆု​ပေးပွဲ အခမ်းအနားများတွင် ဆုများအသီးသီး​ပေးအပ်ချီးမြှင့်သွားမည်ဖြစ်​ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)