စစ်ကိုင်း စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တတိယနေ့ပြိုင်ပွဲများကို စက်တင်ဘာ(၆)ရက်၊ နံနက်(၉)နာရီက စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
ယနေ့ကျင်းပပြုလုပ်သည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တတိယနေ့အဖြစ် “ ကွက်စိပ်ပြိုင်ပွဲနှင့် အရေးဘာသာရပ် သီဆိုချင်းတို့အား ဘွဲ့နှင်းသဘင်ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အနုပညာမြတ်နိုးသူ ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းခရိုင်(ပြန်/ဆက်)