ပေါက်တော စက်တင်ဘာ ၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ပေါက်တောမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား မွေးစမှအသက်(၂)နှစ်အောက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀နာရီ အချိန်ကစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပုံမှန်ကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် မွေးစမှအသက်တစ်နှစ်အောက် ကလေးများအားဘီစီဂျီ၊ ပိုလီယို၊ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ) - ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက် - ဂျိုက်သိုးစသည့် ကာကွယ် ဆေးများကို မွေးစမှ အသက်(၂)လ၊ အသက်(၄) လ၊ အသက် (၆)လ၊ အသက်(၉)လနှင့်အသက်(၂)နှစ်အထိကလေးငယ်များအား သတ်မှတ်ဆေးထိုးရက်များအလိုက် ရပ်ကွက်/ ကျေးရွာများသို့ကွင်းဆင်း၍ ကျန်းမာရေးဝန်ထမ်းများက အကြိမ်ရေအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)