ဒေးဒရဲ စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းက မြို့နယ်အတွင်းရှိ ပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အခြေခံစားသောက်ကုန်ဖြစ်သည့် ဧည့်မထဆန်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို မြို့နယ်တာဝန်ရှိသူများက ယနေ့ နံနက် (၇)နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ဧည့်မထ ဆန်များရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဆန်စက် လုပ်ငန်းရှင်များအသင်းရှိ တာဝန်ရှိသူများက ပြည်သူများ အခြေခံစားသောက်ကုန်ဖြစ်သည့် ဧည့်မထဆန်များအား အလွယ်တကူနှင့် စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် လူတစ်ဦးလျှင် ဧည့်မထဆန် တစ်ပြည် (၁၅၀၀)နှုန်းဖြင့် ရောင်းချပေးနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဧည့်မထဆန်များကို လူ(၁)ဦးလျှင် (၁)ပြည်၊ ၁၅၀၀ကျပ်နှုန်းဖြင့် ရောင်းချ ပေးနေမှုအား သြဂုတ်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့အထိ (၁)လကြာ နေ့စဥ် နံနက် (၇)နာရီမှ ညနေ (၃)နာရီအထိ အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်းရှိ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)