မိုင်းငေါ့မြို့တွင် ကျောင်းသား၊ကျောင်းသူများ အသိပညာပြန့်ပွားရေး အတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်း‌ဆောင်ရွက်

မိုင်းငေါ့ စက်တင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီ အချိန်ကအ.မ.က  တာလုံကျောင်းသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဒေါ်မို့မို့က ကျောင်းသား/ကျောင်းသူ  လူငယ်၊လူရွယ်‌လေးများအား ကျောင်းစာများအပြင်  ပြင်ပဗဟုသုတများရရှိရေး၊ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ယခုလို‌ဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး “လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့် အသိပညာ‌ပေးဟောပြောခဲ့ပါသည်၊

ထို့နောက် ကျောင်းသား/ကျောင်းသူလေးများအား စိတ်အပန်း‌ဖြေစေရန်အတွက် ရတနာပန်းခင်း  စာအုပ်မှ “မောင်ထူ” ရုပ်ပြ ပုံပြင်စာအုပ်ဖြင့် ပုံပြောခြင်းကိုလည်း ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 မြင့်သွယ်(မိုင်းငေါ့)ပြန်/ဆက်)