လိပ်သို စက်တင်ဘာ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သားငယ်/သမီးငယ်များ ကျောင်းသင်ခန်းစာများအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ရည်မြင့်မား၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သော အနာဂတ်သားကောင်းရတနာများဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်မှ အခုလို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်းဖြင့် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများဖြစ်လာမည့် ကျောင်းသား /ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာ ကဗျာများအပြင် ပြင်ပမှ ရေးသားထားသော သုတရသ ကဗျာများကိုလည်း ပိုမိုစိတ်၀င်စားမှုရှိလာမည်ဖြစ်ကြောင်းနှင့် စာကြည့်တိုက်နှင့်လည်း ထိတွေ့ရင်းနှီးမှုများရှိလာ စေရန်ရည်ရွယ်ပြီး ပြောကြားခဲ့ပြီးနောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မိမိကြိုက်နှစ်သက်ရာ ကဗျာခေါင်းစဉ်ဖြင့် ပါ၀င်ယှဉ်ပြိုင်သူ ကျောင်းသား/ကျောင်းသူ (၁၅) ဦးအား အလှူရှင် မြို့ အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က ဗလာစာအုပ်နှင့် ဘော့ပင်များ လက်ဆောင် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)