ရှမ်းရွာသစ် စက်တင်ဘာ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းတွင် မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရည်ရွယ်ချက်များနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ သိကောင်းစရာများကို ကျောင်းသား/သူများအား ဟောပြောပြီးနောက် စိုက်ပျိုးပြီးသစ်ပင်များရှင်သန်စေရေးပြုစုပေး၊ ရေ၊ မြေ၊ သစ်ပင်နီတိ၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းလျှင် အကျိုးရှိမှာအမှန်ပင်၊ သစ်တောသစ်ပင်ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာကြီးကို ကာကွယ်စောင့် ရှောက်ကြပါ၊ အမှိုက်များကိုစနစ်တကျစွန့်ပစ်ဖျက်ဆီးခြင်းဖြင့် ကမ္ဘာကြီးကိုကယ်တင်ပါ၊ အမှိုက်များ၏ ဆွေးမြေ့မှုသက်တမ်းများ စသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများ ပါဝင်သောနံရံကပ်စာစောင်များကို ပြသဆောင်ရွက် ထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ပြီး သိရှိလိုသည်များကိုလည်း မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲသို့ ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ (၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)